Local News

တိုင်း‌‌တောင်သူဖွံ့ဖြိုး‌ရေးအဖွဲ့မှ ပဲစဉ်းငုံများ အဝယ်စင်တာဖွင့်၍ ဝယ်ယူပေးလျှက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ပဲစဉ်းငုံသီးနှံများကို အဝယ်စင်တာများဖွင့်လှစ်၍ ဝယ်ယူပေးလျှက်ရှိရာ ယနေ့(၂၉.၁၂.၂၀၂၂)ရက်နေ့တွင် မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့၏ ကျေးရွာများမှထွက်ရှိသော ပဲစဉ်းငုံသီးနှံများကို မကွေးမြို့နယ်တွင် ပဲစဉ်းငုံ(၁)တင်းလျှင် (၅၄၈ဝဝ)ကျပ်နှုန်းနှင့် ရေနံချောင်းမြို့နယ်တွင် ပဲစဉ်းငုံ(၁)တင်းလျှင် (၅၄၆ဝဝ)ကျပ်နှုန်းတို့ဖြင့် ဝယ်ယူလျှက်ရှိကြောင်းနှင့် နေ့အလိုက်ပြောင်းလဲလာသော စျေးကွက်များကို ချိန်တွယ်မှုမှန်ကန်ခြင်း၊ အိတ်ခွံအလေးချိန်(၁၂)ကျပ်သားသာရယူပြီး ဒဿမအစွန်းထွက်အထိ တိကျစွာဖော်ဆောင်ပေးကာ ငွေပေးချေမှုမှာလည်းမြန်ဆန်ပြီး အချိန်နှင့်အမျှ ကျွမ်းကျင်လုပ်သားများနှင့် စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်ပေးနေသည့်အတွက် အတက်အကျမြန်သော ပဲစဉ်းငုံစျေးကွက်ကို သိရှိနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပါက အကျိုးရှိနိုင်ကြောင်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ အသိပေးနှိုးဆော်ထားကြောင်း သိရှိရပါသည်။  

Category: Local News